ကျိုက်မရော ဇန်နဝါရီ ၂၉
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် မွန်ဘုရင် ရှင်စောပုဘုရင်မကြီး၏ သက်တော် (၆၃၂) နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီကျင်းပရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၁၁) ဖွဲ့တို့က အကြိတ်အနယ်ပါဝင်ယှဉ်ပိုင်ခဲ့ကြပြီး ပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများက အားပေးကြည်ရှုခဲ့ကြသည်။
ပြိုင်ပွဲ၌ ဆုရရှိသော.အဖွဲ့များအား ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ထမနဲထိုးပွဲလာရောက်အားပေးသူများအား ထမနဲထုပ်များဝေငှပြီး စတုဒီသာအလှူအဖြစ် ကြက်သားကြော်၊ ပဲကုလားဟင်းနှင့်အေးမြင့်ကျော် ငပိထောင်းများဖြင့် ကျေးမွေးဧည့်ခံခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒေသခံများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)