ကောလင်း ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်၊ပေကုန်းကျေးရွာနှင့်ပွဲခံကျေးရွာနေပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် နေမှုနှင့် စက်ရေတွင်းတူးဖော်နေမှုအား ယနေ့ နံနက်၁၀ နာရီအချိန်က တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့်ဝန်ထမ်းများက ပေကုန်းကျေးရွာ ကုန်ထုတ်လမ်း(၁/၀ မိုင် x ၁၂ပေx ၂'-၉'') အား တာဝန် ယူဆောင်ရွက်သည့် ရွှေပင်အောင်ကုမ္ပဏီမှတာဝန်ရှိသူများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြပြီး ပွဲခံကျေးရွာ ၄လက်မPVC ၄၀၀ပေစက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကာ တာဝန်ယူ ဆောင်ရွက်သည့် လင်းထက်ဦးကုမ္ပဏီမှ တာဝန်ရှိသူများအား စံချိန်စံညွှန်းနှင့် အညီဆောင်ရွက် ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပေကုန်းကျေးရွာရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) အဆင်ပြေစွာ သွားလာစိုက်ပျိုး လုပ်ကိုင် နိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချသွား နိုင်မည်ဖြစ်ပြီး ပွဲခံကျေးရွာ ၄" PVC ၄၀၀' စက်ရေတွင်းပြီးစီးပါက ကျေးလက်နေပြည်သူများ သောက်သုံးရေများဖူလုံစွာရရှိမည်ဖြစ်ပြီး နွေရာသီသောက်သုံးရေရှားပါးမှုမှ ကင်းဝေးသွား မည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံက သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)