မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ရှိ

မကွေး ဇန်နဝါရီ   ၈

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၇ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်များ အရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာ ပေါင်း(၂၇၃၅)ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက  ဆက်လက်ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာ တွေက NHL ၊RDT နဲ့ Gene Xpert စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက မကွေးက(၁၇)ဦး၊ ဆိပ်ဖြူ(၇)ဦး၊ အောင်လံက(၄)ဦး၊ ဂန့်ဂေါ၊ စလင်းနဲ့ တောင်တွင်းကြီး က(၁)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေ့အတည်ပြုလူနာတွေထဲက မကွေးက(၆)ဦး၊ ဆိပ်ဖြူ(၆)ဦးနဲ့ အောင်လံ(၂)ဦးတို့က ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသူတွေပါ၊ စလင်း(၁)ဦး၊ တောင်တွင်း ကြီး(၁)ဦးနဲ့ မကွေး(၃)ဦးတို့က အနံ့ပျောက်လက္ခဏာပြလူနာတွေ ဖြစ်ပါတယ်၊ နောက်ထပ် အောင်လံ (၁)ဦးနဲ့ မကွေး(၈)ဦးက PUI ဖြစ်ပြီး၊ ဂန့်ဂေါ(၁)ဦးက ယာဉ်မောင်းနဲ့  ဆိပ်ဖြူ (၁)ဦးက အဖျားလက္ခ ဏာရှိလူနာ ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၂၇၃၅)ဦး ရှိပြီဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးမှာ ပိုးတွေ့သူ စုစုပေါင်း(၂၇၃၅)ဦး ရှိလာပြီး ကျန်းမာရေးဝန်ထမ်း (၅၉)ဦး ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့မှာ ဆရာဝန်က(၄)ဦး၊ သူနာပြုနှင့်  ဆေးရုံဝန်ထမ်းက(၃၃)ဦး၊ အခြေခံ ကျန်းမာ ရေးဝန်ထမ်းက(၂၂)ဦးဖြစ်ကြောင်း၊ ရန်ကုန်နှင့် ရခိုင်ကို အကူ Volunteer စေလွှတ်ခဲ့သည့် ဝန်ထမ်းက နှစ်ရာနီးပါးရှိပြီး ၎င်းတို့အထဲမှ(၁၅)ဦး ကူးစက်ခံခဲ့ရကြောင်း တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

ကိုဗစ်ပိုးတွေ့ အတည်ပြုပြုလူနာများအား ဆေးဝါကုသမှုခံယူနိုင်ရန် တိုင်းဒေသကြီး မြိုနယ် အသီးသီးရှိ သက်ဆိုင်ရာ ဆေးရုံကြီး၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများသို့ လူမှုကူညီရေး အသင်းအဖွဲ့ များက မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးလျက်ရှိပြီး  လက်ရှိမှာ မကွေးတိုင်းဒေသကြီး အတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း(၂၇၃၅)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူ နေသူ(၂၆၃)ဦးနဲ့ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၄၆၄)ဦး ရှိကာ သေဆုံးသူက(၈)ဦးရှိကြောင်း မကွေးတိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သန်းနိုင်ဦး(ငဖဲ)