ဟုမ္မလင်းမြို့တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ

ဟုမ္မလင်း ဇန်နဝါရီ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အထက(၁) CBFQ မှ အသက် (၂၄)နှစ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ (၇) ရက်နေ့ံနက်(၁၂)နာရီတွင် ကျန်းမာရေဌာနမှ RDT test kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး Positive တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ သံဃာဆောင်သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

အဆိုပါ အမျိုးသားသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ကား၊ ရေဆေး၊ ဆီလိုက် လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး၊ဇန်နဝါရီလ (၁)ရက်နေ့တွင် မဟာအောင်မြေမြို့နယ်ရှိ မိုးတားကျောင်းတွင် ခေတ္တနား၍ ဇန်နဝါရီလ (၅)ရက်နေ့ အင်္ဂါနေ့တွင် အမျိုးသားလေး ကြောင်းဖြင့် ရောက်ရှိ၍ ဟုမ္မလင်း အ.ထ.က(၁) ကျောင်းတွင် CBFQ မှ အသွားအလာ ကန့်သတ် ထားရှိကြောင်းသိရသည်။

အဆိုပါ အမျိုးသားဇာတိမှာ ဖောင်းပြင်မြို့နယ်၊ မောက်ကလေး အုပ်စု၊ ကွန်းတောရွာ နေထိုင်သူဖြစ်ကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)