ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်တင်စပါယ်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ကလေးသူငယ်အခွင့်အရေးများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)