ကျောက်ကြီးမြို့နယ်၌ ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်အတွင်းရှိ အ-ထ-က ကျောင်းနှစ်ကျောင်းအား ခြေနင်းဘေစင်လှူဒါန်း

ကျောက်ကြီး ဇန်နဝါရီ ၈

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသော ခြေနင်းဘေစင်နှစ်စုံအား ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်း ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်(၁၂)နာရီက ကျောက်ကြီးမြို့နယ်ရှိ အ−ထ−ကကျောင်း နှစ်ကျောင်းအား ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့သည်။

အဆိုပါခြေနင်းဘေစင်နှစ်စုံကို ကျောက်ကြီးမြို့နယ်ရှိ အ−ထ−ကကျောင်းနှင့် မုန်းဒေသရှိ ညောင်ပင်သာကျေးရွာ အ−ထ− ကကျောင်း တို့အား ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ အသင်းသို့ ခြေနင်း ဘေစင်(၇၈) စုံ ပေးအပ်ခဲ့ရာ ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်း အတွက် ခြေနင်းဘေစင်နှစ်စုံ ရရှိခြင်းဖြစ်ကြောင်း၊ ခြေနင်း ဘေစင် တစ်စုံလျှင် (၁၆၅,၁၀၀)ကျပ် တန်ဖိုးရှိကြောင်း သိရှိရသည်။

Kခိုင် ပြန်/ဆက်