ရွှေကျင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်း က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းမှ ဦးဆောင် ၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေကျင်မြို့နယ် အတွင်း အဖွဲ့(၅)ဖွဲ့ခွဲကာ နေရာ(၅)နေရာဖြစ်သော (၁)ဗိုလ်စောအောင်ပန်းခြံရှေ့ (၂) မြို့မစျေး အနီး ရွှေညောင်ပင် ကယ်ရီဂိတ် (၃) အ-ထ-က(တပ်နယ်) ကျောင်းရှေ့ (၄)ရွှေကျင် ချောင်းကူးတံတား စစ်ဆေးရေးဂိတ်နှင့် (၅)မဒေါက်ကလေးတံတားထိပ် စစ်ဆေးရေး ဂိတ် တို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့သွားလာနေသူများအား ငွေ(၂၀၀၀)ကျပ်ဖြင့် နှာခေါင်းစည်း (၂)ခု ဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)