ပြည်မြို့ ရွှေတံခါးနယ်မြေ (တာဂွ)၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များဆွေးနွေး

ပြည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေတံခါးနယ်မြေ(တာဂွ) သာယာကုန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက (ရွှေပြည်သာလမ်း)အား မြေနီ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ရေး ကိစ္စ၊ မြို့မြေအတွင်းပါဝင်သည့် ၎င်းတို့ ရပ်ကွက်အား အမည်ပေါက်ရပ်ကွက်ဖြစ်ရေးကိစ္စ၊ ရွှေတံခါး ဘူတာရုံအထွက်နားရှိ ရေဝပ်နေ သော နေရာအား အချိန်မီပြင်ဆင်ပေးရေးကိစ္စ၊ မီးရထားလမ်း မြေယာလျော်ကြေးကိစ္စ၊ ယာယီလုပ်ပိုင်ခွင့်ပုံစံ (ရေဝပ်နေသော နေရာအား အချိန်မီပြင်ဆင်ပေးရေးကိစ္စ၊ မီးရထား လမ်းမြေယာ လျော်ကြေးကိစ္စ၊ ယာယီလုပ်ပိုင်ခွင့်ပုံစံ(၃)ကိစ္စနှင့် ဘုရားကြီး ဆည်မြောင်း ဝန်း အနောက်ဘက်ရှိ ရပ်ကွက်အား တရားဝင်အမည်ပေါက်ရရှိရေးကိစ္စတို့အား တင်ပြဆွေးနွေး ခဲ့ကြရာ အဆိုပါ တင်ပြချက် များအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ချိတ်ဆက်၍ ညှိနိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)