ဆင်ပေါင်ဝဲ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပသည့်အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၁၈၈၉) ခုနှစ်မှစတင်၍ (၂၀၂၅)ခုနှစ်အထိ ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုမှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်ခဲ့မှုများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ၊ အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကို နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ဗီဒီယိုဖွင့်လှစ်ပြသခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသော ကလေးများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)