မော်လမြိုင် ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ညနေပိုင်းတွင် မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့်လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျှောက် သိမ်ကုန်းလမ်းထိပ်ထိပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိ ဒုတိယရက်အဖြစ် လည်းကောင်း၊ ညောင်ပင်ဆိပ်အမှတ်(၁)ကားဂိတ်ယာယီစံေကျာင်းမှ စတင်၍ ဒိုင်ဝန်ကွင်းလမ်းတစ်လျှောက် မီးသတ်စခန်းအရှေ့ထိ တတိယရက်အဖြစ်လည်းကောင်း၊ စတုတ္ထရက်နေ့တွင် မောရဝတီပန်းခြံရှေ့မှစတင်၍ ဗဟိုလမ်းအတိုင်း ကျိုက်သုတ်ဘုရား စေတီတော်အထိ အဖြစ်လည်းကောင်း လှည့်လည်အပူဇော်ခံကြသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကိုဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့တာဖြစ်ပြီး ယခင်ကာလအချိန်တုန်းက အထမ်းဖြင့်ဘုရားများကို လှည့်လည်ပူဇော်ခဲ့ကြကာ ၁၉၄၆ ခုနှစ်မှစတင်ပြီး မော်လမြိုင် အမတ်သခင်သင်းလှိုင်က ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)