ကျွန်းလှမြို့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဣစ္တာသယဓါတ်ပေါင်းစု စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပျဉ်းမမြိုင်ရပ်ကွက်၊ ရွှေအလည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးဗုဒ္ဓအနွယ်ဝင် ပြည်သူများက ပင့်သံဃာအပါး (၇၀) ကျော်တို့အား ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီး ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်း ပေးဝေကြကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)