ကော့ကရိတ် ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ တပို့တွဲလပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော (၂၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ ရွှေကြက်မင်းဘုရားလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆွမ်းကြီးလောင်းလှူပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၅)ကျောင်းမှ သံဃာတော် (၁၇၀)ပါး၊ သီလရှင် (၇)ပါးတို့အား ဆွမ်းဝေယျာဝစ္စများ အဆင်ပြေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင် ဒါယိကာ၊ ဒါယိကာမများက သဒ္ဒါထက်သန်စွာဖြင့် လှူဖွယ်ဝတ္ထုအစုစုတို့အား စည်ကားပျော်ရွင်စွာ စုပေါင်း၍ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)