(၇၉) နှစ်​မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် ကီလိုမီတာ ၆၀ စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသံဖြူဇရပ်၌ ကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် ကီလိုမီတာ၆၀ စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းက ကြံခိုင်ရေးရပ်ကွက်ရှိ ဓနဿဟာရစစ်သင်္ချိုင်းရှေ့တွင် ကျင်းပပြုလုပ်သည်။

စက်ဘီးစီးပြိုင်ပွဲကို နံနက် (၇) နာရီအချိန် တွင်သံဖြူဇရပ်မြို့၊ မြို့လယ်အဝိုင်းမှစတင်တာထွက်ပြီး ကျိုက္ခမီမြို့မှ တဆင့်ကမ်းခြေပတ်လမ်းနှင့်တောင်ပေါ်လမ်းကြမ်းခရီးကို စီးနင်းကာစက်စဲကြေးရွာ အနီးအနန်းစမ်းရွာတောင်ပေါ်လမ်းမှ သံဖြူဇရပ်မြို့ ဓနဿဟာရစစ်သင်္ချိုင်းရှေ့အထိ ကီလိုမီတာ ၆၀ စီးနင်း၍ ပန်းဝင်ခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲက်ို ရန်ကုန်၊ မန္တလေး၊ မွန်နှင့်ကရင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ အသက် ၄၀ နှစ်အထက်နှင်းအောက်ပြိုင်ပွဲ ၂ မျိုးမှပြိုင်ပွဲဝင် (၁၀၁) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအားပထမ၊ ဒုတိယ၊ တတိယအပါအဝင် ၁၀ ဦးစီဆုများပေးအပ်ရာ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှညွန်ကြားရေးမှူးဦး​နေမျိုးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူတို့ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)