ချောင်းဦးမြို့နယ် ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီ၏ မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံ အရောက် နည်းပညာဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် Data ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများ ကွင်းအရောက် နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်

ချောင်းဦး ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် ( GAC )  ကုမ္ပဏီ၏  မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံအရောက် နည်းပညာများ ဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် data ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများ ကွင်းအရောက် နည်းပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာ နယ်မြေတာ၀န်ခံ ဦးအောင်ဆွေဦးနှင့် စိုက်ပညာရှင်၀န်ထမ်းများက ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ် မျိုးစေ့ထုတ် ( GAC ) ကုမ္ပဏီမှ စိုက်ပျိုးထားသည့် ခရမ်းချဉ်မျိုးများ 2003  ၊ 2006 ၊ 2010 ၊ 2013 နှင့် 2014 မျိုးများ စိုက်ပျိုးထုတ်လုပ်ထားရှိမှု နှင့် မျိုးစေ့အရည်အသွေးကောင်းစေရန် နည်းပညာပေးဆွေးနွေးပြောပြ ခဲ့သည်။

ထို့နောက် ချောင်းဦးမြို့နယ် ရန်အောင်မြေကျေးရွာအုပ်စု တောင်သူ ဦးစိုးမိုး၏ ( KOPIA + DAR + DOA ) တို့ပူးပေါင်းစိုက်ပျိုးထားသော ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား data ကောက်ယူပြီး၊ ချောင်းဦးမြို့နယ် ရန်အောင်မြေရပ်ကွက် နှင့် ချောင်းဦးမြောက်ရပ်ကွက် တို့တွင်စိုက်ပျိုးထားသော လယ်သီးထပ် ဆောင်းသီးနှံ စိုက်ခင်းများ အရည်အသွေး နှင့် အထွက်နှုန်းကောင်းစေရန် အသီးအပွင့်အားတိုးဆေး ( ယူရီးယား + လက်ချား ) ပြုလုပ်သုံးစွဲနည်းများ ၊ မှိုရောဂါ ကာကွယ်စေရန်အတွက် ထရိုင်ခိုဒါးမား ( Trichoderma ) သုံးစွဲရန် ၊ ဓာတုဆေးများမဖြစ်မနေသုံးစွဲပါက စနစ်တကျသုံးစွဲကြရန် နှင့် ဆေးဘူးခွံများ စနစ်တကျစွန့်ပစ်တတ်စေရန် အတွက်လည်း ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေတာ၀န်ခံ ဦးအောင်ဆွေဦး ကွင်းအရောက် နည်းပညာပေးဆွေးနွေးခဲ့သည်။

ကွင်းဆင်းရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာ နယ်မြေတာ၀န်ခံ ဦးအောင်ဆွေဦး၊ စိုက်ပျိုးရေးကွင်းတာ၀န်ခံ ဒေါ်ထက်ထက်အောင် နှင့် စိုက်ပညာရှင် ၀န်ထမ်းများ၊ ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် ( GAC ) ကုမ္ပဏီတာ၀န်ခံ ဒေါ်ထက်ထက်ထွန်း၊ ဆောင်းသီးနှံ စိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)