မင်းဘူးမြို့၌ အိမ်တွင်းလျှပ်စစ်မီးအသုံးပြုမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား၊ ကျောင်းသူများ အိမ်တွင်းလျှပ်စစ်မီးအသုံးပြုမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားပြီး အိမ်တွင်းလျှပ်စစ်မီးအသုံးမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရန်နှင့် ကလေးသူများမှတစ်ဆင့် မိသားစုအားလုံး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အသိပညာပေးရှင်းလင်ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ် သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)