ရန်ကုန် ဖေဖော်ဝါရီ ၃
သန်လျင်ခရိုင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ သက်ပြည့်အငြိမ်းစား ဆရာ၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက အကြိမ် (၄၀) မြောက် ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်မှစ၍ အဖွဲ့များခွဲကာ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။
ယခုနှစ်တွင် အသက် (၉၀) နှစ်အထက် ဆရာ၊ ဆရာမကြီး (၄) ဦးအား တစ်ဦးလျှင် ကျပ် (၂) သိန်းစီ၊ ကျန်ကန်တော့ခံ ဆရာ၊ ဆရာမကြီးများအား တစ်ဦးလျှင် ကျပ် (၁) သိန်းစီပူဇော်ကန်တော့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကန်တော့ခံ (၁၄၁) ဦးရှိကြောင်း ကန်တော့ပွဲဖြစ်မြောက်ရေးအဖွဲ့နာယက ဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဖြိုးသီဟ