စစ်ကိုင်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ခင်းများသို့ ပိုးမွှားရောဂါကျရောက်မှု ရှိ/ မရှိ ကင်းထောက် စစ်ဆေးဆောင်ရွက်

စစ်ကိုင်း ဇန်နဝါရီ ၈

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်း များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်ပင်ဇင်ကျေးရွာ ကွင်းအမှတ် (၈၂၇) တောင်သူ ဦးမင်းမင်းသန်း၊ ဦးမြင့်ပိုတို့၏ ဆောင်းမြေပဲဆင်းပဒေသာ(၁၁) စိုက်ခင်းနှင့် ဦးအောင် ကျော်ထွန်း၏ တစ်ပိုင်တစ်နိုင် ဖရဲစိုက်ခင်း(855)မျိုး စိုက်ခင်းသို့ သွားရောက်၍ ပိုးမွှားရောဂါကျ ရောက်မှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် တောင်းသူများအား မြေပြုပြင်ချိန် သီးနှံအထွက်နှုန်း တိုးစေရန်၊ မြေပဲစွယ် ချချိန် တွင် Gypsum (ကျောက်မှုန့်)မြေဩဇာ၊ ပန်းပွင့်ချိန်တွင် ယူရီးယား+လက်ချား သုံးစွဲခြင်း ဖြင့် ပိုးမွှား ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ဓာတု ပစ္စည်းများ လျော့ချသုံးစွဲရန်အတွက် ဓာတုဓာတ်ကြွင်း အန္တရာယ် အကြောင်းကို ရှင်းလင်းလင်းဆွေးနွေးပြီး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို နယ်မြေ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံတစ်ဦးက  ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများ စိုက်ပျိုးရေးအခက် အခဲ များရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ ဆက်သွယ်မေးမြန်း ဆောင်ရွက် နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။

ဇော်မြင့်နိုင်