သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် မိခင်ကြီးဒေါ်သန်းနွဲ့နှင့် သားသမီးများက အာဟာရဒါနပြုလှူဒါန်း
သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ မိခင်ကြီး ဒေါ်သန်းနွဲ့နှင့် သားသမီးများက အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ငါးဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
ဦးစွာ ဆရာလေးခယဝယဉာဏီက ဦးဆောင်ကာ ကုသိုလ်ယူမိဘပြည်သူများက လှူဒါန်းသည့် အလှူရှင်တို့အား မေတ္တာပို့ဆုတောင်းပေးကြပြီး သာဓု (၃) ကြိမ်ခေါ်ဆိုကာ အဟာရဒါကုသိုလ်ပြုပွဲစတင်ကျင်းပသည်။ အဆိုပါလှူဒါန်းပွဲသည် ဆေးရုံတက်ရောက်ကုသနေသူများ၊ အနှေးယာဥ်လုပ်သားများ၊ ရပ်ကွက်နေပြည်သူများအား တစ်နေ့တာ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။ စားသောက်စရာများ လာရောက်ထုတ်ယူသူများကလည်း အလှည့်ကျတန်းစီ၍ စည်းကမ်းရှိစွာ လာရောက်ထုတ်ယူကြသည်။
အဟာရဒါနကုသိုပြုပွဲအား ကိုယ်တိုင်ကုသိုလ်ယူလိုသူများအနေဖြင့်သော်လည်းကောင်း၊ အရေးပေါ်သွေးလိုအပ်လျှင်သော်လည်းကောင်း ဆရာလေးခယဝယဉာဏီတယ်လီဖုန်းအမှတ် ၀၉-၅၀၉၆၂၅၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဟာရဒါနကုသိုလ်ပြုခြင်းအား နေ့စဥ်နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် လှူဒါန်းပေးဝေနေကြောင်း သတင်းရရှိသည်။
ဇော်မိုး