ကျိုက်မရော ဇန်နဝါ ရီ ၈
မော်လမြိုင်ခရိုင် ၊ကျိုက်မရော မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဏာနှစ်အတွင်း မြစိမ်းရောင် အတိုးရငွေဖြင့်ဆောင်ရွက်မည့် ကော့ပြည့်ကျေးရွာရှိ လမ်းများ ကွန်ကရစ်ခင်း ခြင်းဆောင်ရွက်နေမူများကို ယမန်နေ့ နေ့လည်က မော်လမြိုင်ခရိုင် ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေး ဆောင်ရွက်ရာတွင် ကျေးရွာမှ ကော်မတီဝင်များနှင့် တွေ့ဆုံကာလမ်းဘေးရေ မြောင်းဆောင် ရွက်ပါကရေစီးရေလာကောင်းမွန်ရေး အတွက် စနစ်တကျဆောင်ရွက် ရန်နှင့် လမ်း(Contraction Joint)များဆောင်ရွက်ရန်တို့ကို အကြံပြု လမ်းညွှန် မှာကြားခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးမှ သိရသည်။
ချို ချို (ပြန်/ဆက်)