သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစမှ အသက်၁နှစ်ခွဲအရွယ်အပိုင်းအခြားထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စနစ်တကျမေးမြန်းဆွေးနွေးပြီး ဂရုတစိုက်ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူ၏ လမ်းညွှန်မှုဖြင့် ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအား အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇော်မိုး