ပေါက်ခေါင်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသားလူငယ်လူရွယ်များအတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး စာအုပ်ပြပွဲနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)