တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသာ/သူလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန် စာဖတ်စွမ်းရည်တိုးတက်စေရေး၊ နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍  ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား/ သူများက မိမိကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အဖွဲ့လိုက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)