ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲ ပြုလုပ်

ဖြူး ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံ​​ပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ မြို့မ (၁) အလက (ခွဲ) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းမှ ကျောင်းသား/ သူများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း အသိ ပညာပေးဟောပြောသည်။

ဆက်လက်၍  အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၀) ဦးက ပုံ​​ပြင်ပြောပြိုင်ပွဲနှင့်  စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကြရာ  ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား မြို့နယ်ဦးစီးမှူး၊  မြို့မ (၁) အလက (ခွဲ) ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာ၊  ဆုလက်ဆောင်များ ချီးမြှင့်ပေးကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)