သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားအား အဆိုပါရုံး Community Centre ခန်းမ၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့သည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် ဗဟုသုတရဖွယ်စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး ပြည်ထောင်စုနေ့မှတ်တမ်း နံရံကပ်ပိုစတာအား ကြည့်ရှုခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ဆုရကျောင်းသား၊ ကျောင်သူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ စာရေးဆရာမ ပေါက်ပေါက်၊ အခြေခံပညာကျောင်းများမှ အုပ်ချုပ်သူ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး