ဟုမ္မလင်း၊ ဇန်နဝါရီ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ သံဃာ ဆေးကုသဆောင်၌ ဆေးကုသမှုခံ ယူခဲ့သောကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူ လူနာရှစ်ဦးသည် ကျန်းမာရေးကောင်းမွန်ပါသဖြင့် ယနေ့နံနက် (၁၀)နာရီက ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခဲ့ကြောင်းသိရသည်။
အဆိုပါပိုးတွေ့လူနာရှစ်ဦးသည် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် တွေ့ရှိခဲ့ပြီး၊ ကားသမား(၄)ဦး၊ အချုပ်သား(၂)ဦး၊ (Integral) ကုမ္မဏီဝန်ထမ်း (၂)ဦး၊ စုစုပေါင်း (၈)ဦးသည် ကိုဗစ်-၁၉ရောဂါ Positive ပိုးတွေ့ရှိခဲ့ကြောင်းသိဟရသည်။
ဟုမ္မလင်းမြို့တွင် ကိုဗစ်လူနာ (၂၅)ဦးဆေးရုံက ဆင်းသွားကြပြီးဖြင့်သဖြင့် လူနာကျန်(၇)ဦးသာ ကျန်ရှိတော့သည် ဟုသိရသည်။
လင်းလင်း(ပြန်/ဆက်)