မြို့သစ်မြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မြို့သစ် ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျောင်းသားကျောင်းသူများက အသိပညာပေးစာအုပ်စာစောင်များ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက် )