စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

တမူး သြဂုတ် ၅

တမူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်း များတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှုကြ၍ ပြင်ဆင်လိုသည့် အချက်အလက်များ ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရှိရသည်။


တမူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများစတင် ကပ်ထားကြေညာခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့မ သြဂုတ်လ (၄)ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့် လျှောက်ထားသူ(၆၃၈)ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လျှောက်ထား သူ (၂၅၉)ဦး၊ မဲစာရင်းနှင့်စပ်လျဥ်းသော ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင လျှောက်ထားသူ(၄၂၃)ဦးရှိကြောင်း၊တမူးမြို့နယ်တွင် ပထမအကြိမ် ကပ်ထား ကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင်ဦးရေ (၇၉၀၀၀) ကျော်ရှိပြီး လျာထားမဲရုံအရေအတွက်(၇၂)ရုံ ရှိကြောင်း တမူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းထံမှသိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)