ကော့ကရိတ် ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့မွှန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက် မိုးလုံလေလုံမြို့မအားကစားရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဖြိုးဝေကျော်က ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေး စွမ်းစွမ်းတမံဝိုင်းဝန်းဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ရွေးကောက်ပွဲအောင်မြင်အောင် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသော မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)