သံတောင်ကြီးမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

သံတောင်ကြီး ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌  နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲအခမ်း အနားကို ဖေဖော်ဝါရီ   ရက်နေ့နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သံတောင်ကြီးမြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမင်းစိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာဇေယျာဦးက မြို့နယ်အတွင်းသွားလာရန် ခက်ခဲသောဒေသများ၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီစဉ်များအား Power Point   ကိုပြသခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ အမျိုးသမီးကျန်းမာရေးဆရာမ နော်ထီနေအေးက သံတောင်ကြီးမြို့နယ်အတွင်း ကာကွယ်ဆေးလွမ်းခြုံမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့်  ဘာသာရေး အသင်းအဖွဲ့မှဆရာတော်များ၊ ရပ်မိရပ်ဖများက သိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဆရာမများက ပြန်လည်ရှင်း လင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ