ပေါင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်က ပေါင်မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲထွန်းက သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကို ဦးဆောင်သည့် သင်တန်းနည်းပြ (၅)ဦးတို့က ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို ပေါင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၅၀ ) ဦးတို့အား ဖေ‌ဖော်ဝါရီလ (၂) ရက်နေ့မှ ( ၂၇ ) ရက်နေ့အထိ လေးပတ်ကြာစာတွေ့လက်တွေ့ဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)