ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေး မြို့နယ် ကျော် ယာဉ်များ စစ်ဆေးဆောင်ရွက်

ဒဂုံမြောက် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာနိုင်ရေးအတွက် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက် စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်သို့ နယ်မြေကျော်လွန် သွားလာခြင်း မရှိစေရေး၊ စစ်ဆေးဆောင်ရွက် ခြင်း လုပ်ငန်းများကို ယမန်နေ့ ညပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊  (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊တွင် မြို့နယ်ကျော် ယာဉ်များ အား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုး ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးမြို့နယ်အဆင့် ကော်မတီမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)