မင်းလှမြို့နယ်၌ ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မင်းလှ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွင်း ငှက်ဖျားရောဂါများဖြစ်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာတွင် ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ‌မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဒေသခံပြည်သူများအား ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပြီး ငှက်ဖျားရောဂါပိုးရှိ/မရှိ သွေးဖောက်စစ်ဆေးပေးရာ ငှက်ဖျားပိုးမတွေ့ရှိကြောင်းနှင့် အသိပညာပေးဟောပြောပွဲတတ်ရောက်လာသည့် ဒေသခံပြည်သူ (၄၂၀)ဦးအား ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)