၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် ရေပေးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်း လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင် ကုမ္ပဏီများမှ ချပြရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ရွှေတောင် ဇန်နဝါရီ ၈

ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်မည့် ရေပေးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများမှ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မှ တာဝန်ရှိသူများနှင့် ကျေးရွာ ကော်မတီများ တက်ရောက်ခဲ့ကြပြီး ၂၀၂၀−၂၀၂၁ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းများနှင့် ကုန်ထုတ် လမ်းလုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)