နည်းပညာတက္ကသိုလ် (တောင်ငူ)၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

တောင်ငူ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ အမှတ် (၁၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အမှာစကားပြောကြားပြီး အမှတ် (၁၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သိန်းထိုက်စိုးက မော်တော်ယာဥ်သွားလာရမည့် စည်းကမ်းများ၊ မော်တော်ယာဥ်ဥပဒေ လမ်းမကြီးကျင့်ဝတ်နှင့် လမ်းမကြီးများဥပဒေ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ယာဥ်မမောင်းမီ ကြိုတင်စစ်ဆေးရမည့်အရာများ၊ ၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှုဥပဒေအကြောင်း စသည်တို့ကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစု​ပေါင်း (၂၀၀)ဦးခန့်အား အသိပညာပေးဟောပြောဆွေးနွေးပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)