အုတ်တွင်းမြို့နယ်၌ ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

အုတ်တွင်း ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဒေသအတွင်း မျိုးစပါးများ မျိုးကောင်း၊ မျိုးသန့်ရရှိထုတ်လုပ်နိုင်စေရေးအတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဆင်းပေါ်ဆန်း(၁)မျိုးစပါးမျိုးစေ့ထုတ်လုပ်စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း နွေစပါးမျိုးကောင်း၊ မျိုးသန့်ရရှိစေရန် မျိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၇၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ တဲကြီးကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးတရုတ်ကြီး၏ လယ်မြေတွင် မျိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၂၅)ကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိခဲ့ကြောင်းနှင့် စိုက်ဧကများ လျာထားချက် ပြည့်မီစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)