ဒိုက်ဦး ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲမှူးကြီး ကျော်ထွဋ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ၊ တောင်သူ ဦးမောင်စိုးမှ ပဲဒီစိမ်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အိမ်ခြေလေးဆယ်ကျေးရွာ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်မှ ဒေသန္တရကြက်မွေးမြူထားရှိမှုနှင့် အစာစပ်လုပ်ငန်းများ ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဖြစ်ထွန်းအောင်မြင်နေသည့် နေကြာစိုက်ခင်းအားလည်းကောင်း၊ ရှမ်းစုကျေးရွာ လယ်ပိုင်ရှင် ဦးထွန်းလှ၏ မြေပဲစိုက်ခင်းအားလည်းကောင်း၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာတွင် ဒေသခံတောင်သူ ဦးမြင့်အောင်၏ လယ်မြေဧက (၁၅)ဧကအတွင်း စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)