မိုးညိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးညို ဖေဖော်ဝါရီ ၅

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်းသို့ ဖေဖော်ဝါရီ ၄ ရက်‌ နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေခြင်းသည် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထက်သန်နိုးကြားနေစေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုသိရှိပြီး နိုင်ငံတော်ထာဝရငြိမ်း‌ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်စေရန်ဖြစ်ပြီး လက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များနှင့် ပြည်ထောင်စုနေ့ဆောင်ပုဒ်၊ သမိုင်းဝင်ပြည်ထောင်စုစာချုပ်အ‌ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား(၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)၏ နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီကဗျာ စသည်တို့ပါဝင်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)