ဘီးလင်း ဖေဖော်ဝါရီ ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၁/၂၀၂၆) အရန်မီးသတ်တပ်ဖွဲဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမင်းတင်တို့က သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။
အဆိုပါ (၁/၂၀၂၆) အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသို့ သင်တန်းသား ၅၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင်အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်များအား လေးပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)