မြို့သစ် ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ( Grade-4) ကျောင်းသား ကျောင်းသူ (၂၂) ဦးက ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးစပ်သီကုံးသည့် “ ပြည်ထောင်စုကို ကာကွယ်စို့” ကဗျာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်မည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)