ပွင့်ဖြူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသည့် ကိုယ်စားလှယ်အမည်စာရင်းများ၊ ပြည်ထောင်စုအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ အကြောင်းအရာများ ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်ထောင်စုနေ့ဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)