ဖြူးမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနှမ်း (၂၂၈၃)ဧက စိုက်ပျိုးနိုင်ပြီး စတင်ရိတ်သိမ်း

ဖြူး ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနှမ်း (၂၂၈၃)ဧက စိုက်ပျိုးနိုင်ခဲ့​ပြီး စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ယခုနှစ်၊ နှမ်းအထွက်နှုန်းကောင်းရေးအတွက် ဆောင်းနှမ်းစိုက်ပျိုးရာတွင် ဆင်းရတနာ-3၊ ဆင်းရတနာ-4၊ TBL-BS-7 မျိုးများကို အဓိကထား၍ စိုက်စနစ်မှန်ကန်စွာ တစ်ဧကလျှင် (၂)ပြည်မှ (၃)ပြည်နှုန်း၊ နွားချေး၊ မြေဆွေး (၅)စီးမှ (၆)စီး၊ ပုလဲ (၁၆)ပြည်၊ တီစူပါ (၁၆) ပြည်၊ ပိုတက် (၈) ပြည် မြေပြုပြင်ချိန်ထည့်စိုက်ပျိုး၍ အဖူးဝင်ချိန် ပုလဲမြေသြဇာ (၈)ပြည်ထပ်ကျွေးကာ အဖူးဝင်ချိန်မှ နှမ်းသီးချိန်အတွင်း အစိုဓာတ်လုံလောက်စွာထားရကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြူးမြို့နယ်အတွင်း ယခင် မိုးနှမ်းစိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်းနည်းခဲ့ပြီး  ဆောင်းနှမ်းများကို​ စိုက်ပျိုးမှုဧက ပိုမိုများပြားစွာ စိုက်ပျိုးပြီး  အထွက်နှုန်း​ကောင်းကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)