သံတောင်ကြီး ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၄)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဒုတိယနေ့(အင်္ဂလိပ်)ဘာသာရပ်အားအေးချမ်းစွာ ဖြေဆိုလျက်ရှိ ကြေင်း သိရသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ Grade –4 ၊ Grade–6၊ Grade – 7 ၊ Grade – 8၊ Grade –10၊ Grade–11 ကျောင်းသား၊ ကျောင်းသူများက နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ပြီး အဆိုပါ စာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့် တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် စစ်ဆေးခဲ့ကြောင်း သိရသည်။
နော်နော်မူ