မုဒုံမြို့နယ်တွင် ယာဉ်အန္တရာယ်လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်

မုဒုံ ဇန်နဝါရီ   ၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင်   မုဒုံမြို့နယ်တွင် မော်တော်ယာဉ်  မောင်းနှင်းသူများလမ်း အသုံးပြုသူများ ယာဉ်အန္တရာယ်မ ဖြစ် ပွား စေရန်ယနေ့နံနက် ၉ နာရီကမုဒုံမြို့နယ်ကန်ကြီးစေတီ တော်ရှေ့မီးပွိုင့်မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမကြီး၌ အသိပညာပေး လုပ်ငန်းများဆောင်ရွက် ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု မုဒုံမြို့နယ်မှ  ရဲအုပ်အေးမင်း သန်းနှင့် တပ်ဖွဲ့ဝင်တို့က ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ယာဉ်မောင်းသူ များသတိပြုရန်၊မော်တော်ဆိုင်ကယ်မောင်းနှင် သူများလိုက်နာရန်၊ စက်ဘီး စီးသူများလိုက်နာရန်စည်းကမ်းချက်များ၊  မော်တော်ယာဉ်များနှင့်   ပတ်သက်၍ပြစ်ဒဏ်များ  ပါဝင်သည့်လက်ကမ်း စာစောင် များဖြန့်ဝေခြင်း၊  ယာဉ်အန္တရာယ်များမဖြစ်ပွားစေရန်  ယာဉ်မောင်းသူများတို့ကို ဟော ပြောခြင်း စသည့်ယာဉ်အန္တရာယ်များနှင့်  ပတ်သတ်သည့်အချက်များ အသိပညာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းများတို့ကိုအပတ်စဉ် (၃)ကြိမ်ခန့် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)