ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက် များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ဘားအံမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး စုပေါင်းအားဖြင့်ဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ်၊ ဇာသပြင်စံပြကျေးရွာ (အရှေ့) ဘုန်းကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဘားအံမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သက်နှင်းဆု၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးမင်းနိုင်ထွန်းနှင့် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောခဲ့ရာ ဇာသပြင်ကျေးရွာအုပ်စုရှိ ဇာသပြင် (အရှေ့) ရွာ၊ ဇာသပြင် (အနောက်) ရွာ၊ ကော့လမုရွာ၊ ကော့သင်းရွာ၊ ခရားအတွင်းရွာ၊ ခရားအပြင်ရွာ၊ ကျုံဖဲရွာတို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုးစိုးအေး(ပြန်/ဆက်)