သံဖြူဇရပ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ

သံဖြူဇရပ် ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်/ပြသခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

 ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသားကျောင်းသူများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြစေရေး၊ ကျောင်းစာကို ကြိုးစားကြသင်ယူရင်းဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေးနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဟော‌ပြောဆွေးနွေးပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ​ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို စိတ်ပါ၀င်စားစွာ  ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)