ချောင်းဆုံမြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး ပြုပြင်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ချောင်းဆုံ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျက် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဖေဖော်ဝါရီ ၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၅)ရက်တွင် နတ်မှော်ကျေးရွာတွင် နေအိမ်ပြုပြင်ရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် နတ်မှော်၊ ဇီးကုန်း၊ ဆယ်ပလာ၊ ခရိုက်နှီးဟု၊ ဟင်္သာကျွန်း ကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့ရှိ ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုမရှိသော နေအိမ်များကို ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် အိမ်ခြေ ၆၀၀ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေကေခိုင်လွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)