မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘိုးဘွားများ၏ လူမှုရေးပင်စင်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံသို့ လွှဲပြောင်း ပေးအပ်

မရမ်းကုန်း ဇန်နဝါရီ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ(၃)နာရီကအသက် (၈၅) နှစ်အထက်ဘိုးဘွားဦးရေ (၉၂၅) ဦးနှင့် အသက် (၁၀၀)နှစ်အထက် ဘိုးဘွားဦးရေ (၁၂) ဦးတို့အတွက် လူမှုရေးပင်စင်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်က အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွားများအတွက်တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့်လည်ကောင်း၊ အသက် (၁၀၀)နှစ်အထက်ဘိုးဘွားများအတွက် အပိုဆောင်း ငွေ အပါအဝင် တစ်ဦးလျှင် (၆၀,၀၀၀)ကျပ်နှုန်း ဖြင့်လည်းကောင်း စုစုပေါင်း (၂၈,၁၁၀,၀၀၀) ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)