ရွှေကျင်မြို့နယ်တွင် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ရွှေကျင် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပြည်သူများအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးအသိပညာ မြှင့်တင်ရေးအတွက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားဆက်ခြားနည်းလမ်းများဖြစ်သည့် ထိုးဆေး၊ သောက်ဆေးများဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့သည့်အပြင် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant)ကို လိုအပ်သည့် အမျိုးသမီး (၁၅) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကိုယ်တိုင်ထည့်သွင်းပေးခဲ့ကြောင်းသိရသည်။ ယင်းလုပ်ငန်းများသည် မိသားစုကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်၊ မိခင်နှင့် ကလေးကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့် မျိုးဆက်ပွားကျန်းမာရေးအသိပညာ မြှင့်တင်နိုင်ရေးတို့အတွက် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)