ထီးလင်းမြို့တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများ စစ်ဆေး

ထီးလင်း ဇန်နဝါရီ ၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီ၍ (A) အဆင့် ရရှိပြီး ဆိုင်ထိုင်စားသောက်ရန် ခွင့်ပြုချက်ရရှိထားသော စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့် ကိုက်ညီ၍ (A) အဆင့် ရရှိပြီး ဆိုင်ထိုင်စားသောက်ရန် ခွင့်ပြုချက် ရရှိထားသော စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်(၁၁)ဆိုင် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေး တို့အတွက် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် စည်ပင် ဝန်ထမ်းများ၊ ကျန်းမာရေးနှင့်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)