ခါမ်းပါတ် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ကနန်ကျေးရွာတွင် တိုင်းဒေသကြီး စည်ပင်သာယာရေး အစိုးရ၏ ဘိလပ်မြေအိတ် အထောက်အပံ့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
"ကျွန်တော်တို့ တင်ပြတောင်းဆိုထားတာကတော့ လမ်းအရှည် စုစုပေါင်းက ပေ (၁၇၀၀၀')လောက်ရှိပါတယ်၊ ခုလောလောဆယ်ခင်းတာကတော့ ပေ(၁၀၀၀')လောက်ရှိမယ်၊ အကျယ်ကတော့ ၁၄ပေနဲ့ ထု ၆ လက်မရှိမယ် ပြီးတော့ သဲကျောက်တို့ လုပ်အားတို့ကတော့ လမ်းသူလမ်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက် ခြင်းဖြစ်ပါတယ်"ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာသာယာလှပ လာမည်ဖြစ်ပြီး သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်သည်။
သားငယ်(ပြန်/ဆက်)